8/19/2009

What is Life? ဘ၀ဆိုတာ ဘာလဲ


Life is short. ဘ၀ဟာ တိုတယ်တဲ့။ အသက်ရှည်နေတယ်ဆိုရင် ဘ၀ဟာ မတိုပါဘူး။ Life is Dream. ဘ၀ဟာ အိပ်မက်ပဲတဲ့။ အဲဒါလည်း ဖွဲ့နွဲ့ခံစားပြောတာပါ။ ဘ၀ဟာ အိပ်မက်မဟုတ်ဘူး။ အိပ်မက်က အကောင်အထည်မရှိဘူး။ ဘ၀က အကောင်အထည်ရှိတယ်၊ လက်တွေ့ရှိတယ်။ Life is always full of struggle. ဘ၀ဟာ အစဉ်အမြဲ ရုန်းကန်နေရတယ်တဲ့။ အဲဒါကတော့ အမှန်ဆုံးပါပဲ။ မိခင်ဝမ်းထဲက ထွက်ကတည်းက ဘ၀ဟာ ရုန်းကန်နေရတာပဲ။ မွေးစကတည်းက ရုန်းကန်ရတာ သေတဲ့အထိဆိုလည်း မမှားပါဘူး။ ဘ၀ကို လှော်တက်ဆိုတဲ့အရာနဲ့သာ ထိန်းသိမ်းဖို့လိုတာပါ။ ကဲ မိတ်ဆွေကော ဘယ်လို မြင်လဲ...?????
--


3 comments:

နွေဆူးလင်္ကာ said...

ဘ၀ဆိုတာ ဘာရယ်မဟုတ်ဘူး ... ဘကုန်းနဲ့ ၀လုံးလေးပဲ ပါပေမယ့် အများကြီး ပြောလို့ ရပါတယ်။

Unknown said...

ဘ၀ကို ဘယ်လိုပြောရမလည်းဆိုရင် ညွန်းစာဖွဲ့လို့မမှီနိုင်ပါဘူး အစ်မရေ....

အနမ်း said...

ဘ၀ဆိုတာဘာလဲလို့ တော့အသေအချာ မပြောနိုင်ပေမယ့်၊ ဘ၀ဟာ ကိုယ်ရပ်တည် တဲ့အပေါ် မှာမူတည်တယ်လို့ ထင်တယ်။ ကိုယ့်ရပ်တည်နေ
ရတဲ့အခြေအနေက ကံတရားအလိုက်ကောင်း ကျိုးပေးနေတဲ့သူဟာ ဘ၀မှာနေပျော်တယ်လို့ ဆိုရမယ်။ ကံတရားအကျိုးပေးမကောင်းတဲ့သူ ကျတော့ ဘ၀မှာမနေချင်တော့လောက်အောင် ပဲဖြစ်ကြတယ်။ လူတိုင်းရဲ့ ဘ၀ဟာမတူညီကြပါ ဘူး။ ဒါကြောင့်ဘ၀ကို လူအမျိုးမျိုးက အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုနိုင်သလားပဲ။
ထင်တာတွေကို ခင်မင်မှုနဲ့ ရေးသွားတယ် ယမင်းရေ။ အဆင်ပြေပျော်ရွှင်ပါစေ။