8/21/2009

နေ့စ္စဓူဝ

ဘာပဲလုပ်လုပ်
အဆင်မပြေနိုင်မှုတွေသာ
ပဲ့တင်ထပ်နေတဲ့ နေ့စ္စဓူဝမှာ
စိတ်ကျလေကြမ်းတွေ
ငါ့ဘ၀အိပ်ခန်းထဲတိုးဝှေ့
အိပ်မွေ့ချခံထားရတဲ့
ယုံကြည်ချက်နဲ့
အငိုမတတ်ဘဲကျတဲ့
မျက်ရည်တွေကို
သတ်ပုံစစ်ဖို့တောင်
မေ့လျော့နေတော့တယ်.......။

1 comment:

Unknown said...

မမ မျက်ရည်ကျ၇င် ကျနော်သုတ်ပေးမယ်