6/30/2009

မော်စကိုမြို့ရောက် ကိုဘဲဥရဲ့ ဟာသဖြစ်ရပ်များ


မသိဘူး

မော်စကိုမြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစအချိန်တွင် ကိုဘဲဥ လမ်းလျှောက်လာသည်။
အရက်မူးနေသော လူတစ်ယောက် သူ၏အနားကပ်လာပြီး မေးသည်။
``ဟေ့ ဘဲဥ၊ ကောင်းကင်မှာ လင်းနေတဲ့ဥစ္စာဟာ နေလား။ လလား ဟင်´´
``မသိဘူးဗျ၊ ကျွန်တော် ဒီအရပ်က မဟုတ်ဘူး´´

ဘဲဥစစ်သား (၁)

တပ်သားဘဲဥ ကင်းစောင့်နေသည်။ လူတစ်ယောက် ဖြတ်လာသည်။ ဘဲဥ လှမ်းအော်ပြီး ပြောသည်။
``စကားဝှက်ပြော´´
``ကြက်ဖ´´
``အေး.... သွား´´
နောက်တစ်ယောက် ဖြတ်လာပြန်သည်။
``စကားဝှက်ပြော´´
``ကြိုးကြာ´´
ဘဲဥက ပြောလိုက်သည်။
``ကြိုးကြာ မဟုတ်ဘူး။ ကြက်ဖ။ အေး... သွား´´

ဘဲဥစစ်သား(၂)

တပ်သား ဘဲဥ ကင်းစောင့်နေသည်။
``ရပ်လိုက်၊ ဘယ်သူလဲ´´
``ငါပါ။ တာဝန်ကြပ်ပါကွ။ ပုလင်းပါ ဆွဲလာတယ်ကွ´´
``တာဝန်ကြပ်သွား၊ ပုလင်းရပ်နေ´´

ဘဲဥ စစ်သား (၃)

မော်စကိုမှ စစ်သင်တန်းပြီးသွားသော ကိုဘဲဥ မွေးရပ်မြေသို့ ပြန်ရောက်လာသည်။
မိဘများက အပြစ်တင် စကားပြောသည်။

``ဟဲ့သား၊ မော်စကိုမှာ သင်တန်းသွားတက်တဲ့ သုံးနှစ်လုံးလုံး တို့ဆီကို
ဘာဖြစ်လို့ စာတစ်စောင်မှ မရေးတာလဲကွ´´
``ဖေဖေတို့မှ လိပ်စာမပေးဘဲဟာ´´


2 comments:

အန်(န်)စလင်း said...

ကြံကြံဖန်ဖန်ပါပဲ ကြိုက်တယ်ဗျို့ ထပ်ရှာပြီးရေးပါဦး ဘဲဥလိုတော့ ပြန်မဖြေနဲ့

Unknown said...

ဟာသလေးက ရိုးမလိုနဲ့ အတော့်ကိုရယ်ရတယ် ၊ ကျေးဇူးပါ မဘဲဥရေ .. အဲ့ဟုတ်ပါဖူး မယမင်းရေ လို့ပြောတာ :D

နောက်ထက်လည်းဝေမျှပါဦးနော် :)