6/04/2009

ဝါဆိုနိဒါန်း

ဇွန်အ၀င်တောင်နော်....


ဒီနေ့.....
တစ်နေ့လုံး အုံ့ဆိုင်း
မိုးထုံ့ပိုင်း ထုံ့ပိုင်းရွာ
မီးကမလာ
တစ်ခါတစ်ရံ လေပြင်းပါ
နေခြည်ကို မမြင်ရ
ရာသီဥတုကိုက
မိုးတွင်းရောက်နေသလား ထင်မှတ်ရ....
ဒီမိုးရွာတော့မည်
ရွာမည် ဧကံမုချ
ဇလဗေဒဂြိုလ်တု
ပေးပို့မှု သတင်းအရ
လှိုင်းကြီးခြင်း
မိုးသက်လေပြင်းတစ်ခါတစ်ရံ
ဟော....
ဒီမိုးရွာချေပြီ
လေရော မိုးပါဒုန်းစိုင်း
ရိုင်းတော့လေမလား......

2 comments:

Unknown said...

ဝါဆိုနိဒါန်း....

ထိမိလှပါတယ်ဗျာ... အဖွဲ့အနွဲ့လေးတွေက...

ဒီမိုးရွာချေပြီ
လေရော မိုးပါဒုန်းစိုင်း ရိုင်းတော့လေမလား......

ကဗျာလေးတွေ အသစ်တင်ရင်လည်း ပြောအုံးဗျ...

ဝေါသားလေး

Anonymous said...

ဟော....
ဒီမိုးရွာချေပြီ
လေရော မိုးပါဒုန်းစိုင်း
ရိုင်းတော့လေမလား......

တကယ်မာန်ပါတဲ့ အရေးအသားပါ တကယ်ထိတယ်