5/11/2009

သမီးချစ်တဲ့ မေမေ


ပူလျှင်အရိပ်
ပန်းဖြေသိပ်ပါ
နေနားပါလှည့်....
မေ့မေတ္တာ ဒီအရိပ်
ရိပ်ထီးကာခဲ့...

မိုးရွာလျှင်လည်း
ဝင်ပါ နားပါ မိုးခိုပါလှည့်...
မေ့မေတ္တာ ဗိမာန်တော်ကြီး
အေးမြနေခဲ့...

ဆောင်းရောက်လျှင်လည်း
ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်...
မေ့မေတ္တာလွှာရုံနွေး
နွေးထွေးနေမြဲ...

လေတိုးလျှင်
မပူပင်နဲ့
မေ့မေတ္တာနံရံချပ်
မတ်တတ်ကာ ကာကွယ်ခဲ့...

ရေဆာငတ်မူ
ရင်ပူပြေရေး အမေပေး
ရေကြည်တပေါက်
စမ်းချောင်းတမြ
စီးဆင်းနေမြဲ...

မေ့ရဲ့မေတ္တာ စေတနာက
နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ...

နှိုင်းတုမရ မေ့မေတ္တာ
လိုရာကိုသုံး
စဉ်မြဲပြုံးလို့
သမီးထင်တယ်
ဒီကမ္ဘာမှာ
မေမေသာ အလှဆုံး....

3 comments:

Anonymous said...

မောနင်းပါ ညီမလေးရေ....
မေမေ ကဗျာကို ခံစားဖတ်ရှုပါတယ်.. ကဗျာလေး က ကောင်းတယ်... ပျော်ရွှင်ချမ်းမြေ့ပါစေ

Unknown said...

အမေ့မေတ္တာ...
ခံစားသွားပါတယ်

(KO)

Aung Shin Thant said...

Take care urself with good idea.

Good luck Ma,