3/29/2009

ချစ်သူ့ ဒိုင်ယာလောခ့် . . .


ချစ်သူရေ…

ကိုကို့ ….ကို ချစ်လားဟင်
ချစ်တာပေါ့ ကိုကိုရယ် ။


ဘယ်လောက်ကြီး ချစ်သလဲ
မိုးလောက်ကြီးချစ်ပါတယ် ။


ဘယ်ထဲက ချစ်တာလဲ
နှလုံးသားထဲက ချစ်ပါတယ် ။


ဘယ်လောက်ကြာကြာချစ်မှာလဲ
ကမ္ဘာတည်သ၍ ချစ်ပါ့မယ် ။

ကိုကို …ဘယ်သွားသွားလိုက်မှာလား
လိုက်မှာပေါ့ ။

နတ်ပြည်သွားရင်ကော . . .
လိုက်မှာပေါ့ ။

ငရဲပြည်သွားရင် ကော . . .
လိုက်မှာပဲ ။

မြို့ ထဲက အနှိပ်ခန်းတွေ သွားရင်ကော
သွားရဲသွားကြည့်. . . . အကြောင်းသိရမယ် ။

3 comments:

ဗီလိန် said...

ဒါဆို မြို့ပြင်က အနှိပ်ခန်းတော့ လိုက်မယ်ပေါ့။ :)

ourstream said...

လိုက်မှာပဲ လို့ မပြောတော့ဘူးလား....။

mynewlife2008 said...

ဟားဟား လိုက်သွားလေ
တော်တော်နောက်