3/15/2009

ဒါ... ဘ၀တဲ့လား


ဘ၀ဆိုတာ
အပြောလွယ်သလောက်
နေရခက်တဲ့ဘ၀ကြီးပါ
အမှားအမှန် ဒွန်တွဲ
အကောင်းအဆိုး ယှဉ်တွဲ
ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
မတည်မြဲတဲ့လောက
ဖြစ်တည်ပျက် ကာလသုံးပါး
မမြဲခြင်းတရား လက်ကိုင်ထား
အတ္တထောင်လွှား
မာန်မာန ဖောက်ပြား
ကိုယ်ထင် ကုတင်ရွှေနန်း
မောဟ ဖုံးလွှမ်းနေတဲ့
ဒီလူ့ဘောင်လောကကြီးမှာ
တရားသဘောနဲ့ ဆင်ခြင်
အရာအားလုံးဟာ
အနစ္စတွေပါတကား.....



2 comments:

Ðaywalker[Soul] said...

ကျွန်တော်ကတော့ တရားမရှိဘူးလို့ ပြောရင်လည်း ခံရမှာပဲ..."အရာအားလုံးဟာ
အနစ္စတွေပါတကား....." လို့ ဘယ်လိုမှ မြင်မရသေးဘူး။ အခုတလော စိတ်ကပိုညစ်တော့ ပိုတောင်မမြင်နိုင်သေး... အဲလိုကို ဖြစ်နေတာ :D/

Anonymous said...

အဲဒါဘ၀ပဲ မယမင်းရေ

တကယ် လဲအနစ္စတွေပါပဲ

ရှောင်လွဲလို့ တော့ရဘူး

ကြီုးစားပီးရင်ဆိုင်ရတာပေါ့