3/08/2009

ကဲ... ဖြေကြည့်ပေးပါဦး...


ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကျက်သရေဆောင်လည်းဖြစ်တယ်။
သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။
သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။
သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။
ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။
လောကမှာ ကိုယ့်အတွက် တစ်ခုတည်းမကြည့်ပဲ သူများအတွက်ပါ စဉ်းစားပေးမယ်ဆိုရင် တကယ်ကို စိတ်လွတ်လပ်အေးချမ်းမယ့်သူ ဖြစ်မယ်လို့ ထင်မြင်မိပါတယ်။
တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။

2 comments:

နေ့အိပ်မက် said...

နေ့အိပ်မက်က ဘီသွေးဆိုတော့ ပတ်ဝန်းကျင် သိပ်ဂရုမစိုက်တတ်ဘူး....
အားတော့နာတတ်တော့ သူများထိခိုက်နိုင်လားကြည့်တယ်...
မထိခိုက်နိုင်ဘူးဆို ကိုယ်လုပ်ချင်တာလုပ်တာပဲ....
သူများအထင်တွေ အမြင်တွေ မကြည့်တော့ဘူး......

Ðaywalker[Soul] said...

လူတွေရဲ့ လူနေမှုအဆင့်အတန်း တစ်ဆင့်မြင့်မားလာအောင် လုပ်ခဲ့သူမှန်သမျှဟာ Outsider တွေပဲများတယ်တဲ့။ သူတို့တွေကတော့ သူတို့ဘဝကို သူတို့ ကျေနပ်ပြီး အဆင်ပြေကြတယ်...၊ ပတ်ဝန်းကျင်နဲ့တော့ ချွင်းချက်အဖြစ် ကျန်ခဲ့ကြတယ်။

တကယ်တမ်း အများကောင်းကြိုးအတွက် လုပ်မယ်ဆိုရင် ကိုယ့်ကိုကိုယ်ကျေနပ်နိုင်ဖို့ တော်တော်ခက်လိမ့်မယ်။ ကိုယ်က သူများတွေအတွက် လုပ်ပေးနေတာကို သူများတွေက အမြင်မကြည်ဘူးလေ...။ နောက် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝလည်း ပျောက်ဆုံးသွားရသေးတယ်။ မယုံရင် ဗိုလ်ချုပ်ကိုကြည့်၊ သူ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဘယ်လောက်နေခွင့်ရခဲ့လဲ...။ ဒါတောင် အမြင်မကြည်တဲ့ သူတွေက ရှိခဲ့ကြသေးတာ။

ဒါကြောင့် သူပြောခဲ့တာပေါ့

"ကျုပ်တို့ကို စောင့်ကြည့်ပါ၊ ကျုပ်တို့ဟာ သမိုင်းမှာ အဆဲခံရမယ့်သူတွေလား၊ သမိုင်းမှာ ရေးသားခံရမယ့်သူတွေလား... တစ်ချက် စောင့်ကြည့်ပါ" (အတိအကျမဟုတ်ပါ)

ဒါတောင် အခု ... သမိုင်းမှာ ဖျောက်ဖျက်ပစ်ချင်တဲ့ သူတွေက ပေါ်တင်မဟုတ်တောင် ... ရှိနေတာပဲ။ ဘယ်မှာလဲ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေ...ငါးကျပ်တန်ပဲ ရှိတယ်။
ဘယ်မှာလဲ အာဇာနည်နေ့ ဥသြဆွဲတာကို ခုခေတ်ကလေးတွေ မသိတော့ဘူး။

ဒါကြောင့် မလွယ်ဘူး၊ လုံးဝ လုံးဝ မလွယ်တာ....