3/04/2009

လှည်းတန်းမီးပွိုင့်အနီး ဗုံးပေါက်ကွဲမှုဖြစ်

၃ ရက် နေ့ မနက် ၁ နာရီဝန်းကျင်တွင် လှည်းတန်းရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရုံးရှေ့တည့်တည့် ရှိကားမှတ်တိုင်တွင် ဖြစ်ပွားသော
ဗုံးပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အမိုးများလန်ထွက်သွားပြီး ပေါက်ကွဲသံကို ဆင်ရေတွင်းမှတ်တိုင်မှ ပင်ကြားရသည်ဟု မျက်မြင်တွေ့ ရှိသူတစ်ဦးက ပြောသည်။

"အမိုးတွေလန်သွားတယ် သူလဲမြေနီကုန်းမှာလိုပဲ ပေါက်ကွဲသံကကျယ်တယ် ဆင်ရေတွင်းနားအထိကြားရတယ် " နှစ်နေရာ လုံးတွင်မျက်မြင်ကြုံ တွေ့ ခဲ့ရသူတစ်ဦးက
ပြောသည်။

လှည်းတန်း ကားမှတ်တိုင်တွင်ဖြစ်သောဗုံးပေါက်ကွဲမှုပြီးနောက် စစ်ဒေသမှ ရန်ကုန်အင်းစိန် လမ်းမကို ပိတ်ခိုင်းလိုက်ပြီး မနက် ၃း၃၀ ပြန်လည်ဖွင့်လှစ်သေးခြင်းမရှိကြောင်းသိရသည်။



No comments: