1/12/2009

သင် ဆေးပုလင်းကို မြင်ဖူးပါသလား.....


Bottle of Medicine

We can compare practice to bottle of medicine a doctor leaves for his patient. On the bottle are written detailed instructions on how to take the medicine, but no matter how many hundred times the patient may read the directions, he is bound to die if that is all he does. He will gain no benefit from the medicine. And before he dies, he may complain bitterly that the doctor wasn't any good, that the medicine didn't cure him. He will think that the doctor was a fake or that the medicine was worthless, yet he had only spent his time examining the bottle and reading the instructions. He hadn't followed the advice of the doctor and taken the medicine. However, if the patient had actually followed the doctor's advice and taken the medicine regularly as prescribed, he would have recovered.
Doctirs prescribe medicine to eliminate diseases from the body. The Teachings of the Buddha are prescribed to cure diseases of the mind and to bring it back to its natural healthy state. So the Buddha can be considered to be a doctor who prescribes cures for the illnesses of the mind which are found in each one of us without exception. When you see these illnesses of the mind. Does it not make sense to look to the Dhamma as support, as medicine to cure your illnesses?



တရားအားထုတ်တဲ့အလုပ်ကို ဆရာဝန်က လူနာကို ပေးတဲ့ ဆေးပုလင်းနဲ့ နှိုင်းလို့ရပါတယ်။ ဆေးပုလင်းမှာ ဘယ်လိုသောက်ရမယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေပါပါတယ်။ ဒါပေမယ့် လူနာက ဘယ်လောက်ပဲ ညွှန်ကြားချက်ကို ရာချီပြီး ဖတ်ဖတ်၊ ဒါပဲလုပ်မယ်ဆိုရင်တော့ သူ သေဖို့ သေချာပါ့။ ဆေးရဲ့ အာနိသင်ကို သူ ဘာမှခံစားရမှာ မဟုတ်ဘူး။ သူက မသေခင်မှာ ဆရာဝန် မကောင်းကြောင်း၊ ဆေးက သူ့ကို မပျောက်စေနိုင်ကြောင်း ပြောချင်ပြောမယ်။ ဆရာဝန်ကို အတုလို့ထင်၊ ဒါမှမဟုတ် ဆေးကို တန်ဖိုးမရှိလို့ထင်၊ သူ့အနေနဲ့ကတော့ ပုလင်းကို ကြည့်ပြီး ဆေးစာကို ဖတ်ရုံကလွဲပြီး ဘာမှမလုပ်ဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာ၊ ဆေးကိုလည်း မသောက်။ တကယ်လို့သာ သူဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဆေးကို အညွှန်းအတိုင်းမှန်မှန်သောက်မယ်ဆိုရင် ရောဂါပျောက်မှာပေါ့။
ဆရာဝန်ဟာ ကိုယ်ခန္ဓာက ရောဂါပျောက်အောင် ဆေးညွှန်းကြားချက်ပေးတယ်။ မြတ်စွာဘုရားရဲ့ ဓမ္မတရားတွေက စိတ်ကို အခြေအနေကောင်း ပြန်ရောက်အောင် ကုသပေးတဲ့ ညွှန်ကြားချက်တွေပါပဲ။ လူတိုင်းမှာရှိတဲ့ စိတ်ရောဂါကို ကုသပေးဖို့ ညွှန်ကြားတဲ့အတွက် မြတ်စွာဘုရားကို ဆရာဝန်လို့ သဘောထားနိုင်ပါတယ်။ စိတ်ရဲ့ဝေဒနာကို တွေ့တဲ့အခါ အဲဒီရောဂါကို ကုဖို့ တရားဓမ္မကို အထောက်အကူအဖြစ် သဘောမထားသင့်ဘူးလား....


A TREE IN A FORREST စာအုပ်မှ ပြန်လည်တင်ပြထားပါသည်။

1 comment:

နေ့အိပ်မက် said...

မှန်တာပေါ့ မမရယ်... ဒါပေမယ့် လူတွေကလည်း အပြောပဲရှိကြတာကိုး နေ့အိပ်မက်လည်း တစ်နေ့ငါးမိနစ်လောက်မှန်မှန်တရားမှတ်ဖို့ မနည်းကြိုးစားရတယ်.. အမြဲတမ်းသတိကပ်ထားဖို့ဆို ဝေးရော.. :(