1/10/2009

အမေများနေ့ကို ဂုဏ်ပြုလျှက်....


ကြွေးဟောင်းဆပ်ခွင့်ပြုပါ

လောကမှာ
နေထိုင်စရာအတွက် မြေ
ရှူရှိုက်ဖို့အတွက် လေ
သောက်သုံးဖို့အတွက် ရေထက်
သားသမီးတွေအတွက်
အဖိုးမဖြတ်နိုင်သော အမေသာ
အရေးကြီးဆုံးပါ အမေ...
ကြည်လင်ချိုအေးတဲ့
ကျောက်စက်ကျစမ်းရေဟာ
မောပန်းရေဆာသူတွေအတွက်
အဖိုးမဖြတ်နိုင်တာထက်
သားသမီးတွေအတွက်ကတော့
အမေ့ရဲ့အပြုံးတစ်ချက်ဟာ
ဘာနဲ့မှ မလဲနိုင်အောင်
အဖိုးမဖြတ်နိုင်ဆုံးပဲ အမေရေ...
အမေ့စေတနာကို
ဖက်မနမ်းမိ
ကြာပါပြီ
ရက်၊ လ၊ နှစ်တွေ
ဆံပင်ဖြူတော့မယ့်အထိပေါ့
အခုမှ
ဦးနှောက်ကို ဆားခပ်ပြီး
ပြန်စဉ်းစားကြည့်မိတယ်
ငါဟာ ပေးဆပ်ခြင်းကို
ကျေပွန်အောင် မပြုလုပ်ရသေးပါလား
အမေရယ်
စိတ်ထဲမှာ
အကြိမ်ကြိမ်ခံစား
အမေနဲ့အတူ ရှင်သန်ခွင့်တွေ
အမြဲရချင်တယ် အမေရယ်...
သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ အမေ...

1 comment:

နေ့အိပ်မက် said...

မမကဗျာဖတ်ရင်း... နေ့အိပ်မက်တော့ မေမေ့ကိုလွမ်းလာပြီ၊ နေမကောင်းဖြစ်နေတော့ ပိုလွမ်းတယ်... :(