1/03/2009

နှစ်သစ်ရဲ့ ကိုယ်ပိုင်အမြင်

စာရေးတိုင်းလည်း
စာရေးဆရာတစ်ယောက် မဟုတ်ဘူး...
ကဗျာရေးတိုင်းလည်း
ကဗျာဆရာတစ်ယောက် မဟုတ်ဘူး...
ပန်းချီဆွဲတိုင်းလည်း
ပန်းချီဆရာတစ်ယောက် မဟုတ်ဘူး...
ဆောင်းပါးရေးတိုင်းလည်း
ဝေဖန်ရေးသမားတစ်ယောက် မဟုတ်ဘူး...
နိုင်ငံအကြောင်းရေးတိုင်းလည်း
နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူး....
လွမ်းတိုင်းလည်း
အလွမ်းသမားတစ်ယောက် မဟုတ်ဘူး...
ဘလောဂ့်ရေးတိုင်းလည်း
ဘလောဂ့်ဂါတစ်ယောက် မဟုတ်ဘူး...
*******
ကဲ မိတ်ဆွေတို့ကော
ဘယ်လိုထင်မြင်မိပါသလဲ...
အကြံပြုတာကို လက်ခံပါတယ်ရှင်...

3 comments:

thihanyein said...

ဘာမှမဟုတ်ဘူးး)

Unknown said...

စာရေးလို့အတွေးပါရင်...
ကဗျာရေးလို့နှလုံးသားပါရင်...
ပန်းချီဆွဲလို့အမြင်ပါရင်...
ဆောင်းပါးရေးလို့စေတနာပါရင်...
နိုင်ငံရေးရေးလို့ရည်မှန်းချက်ပါရင်...
လွမ်းလို့ဝေဒနာပါရင်...
ဘလော့ရေးလို့အားထုတ်မှုပါရင်တော့.. ဟုတ်မယ်နဲ့တူတယ်နော် မမ
နေ့အိပ်မက်ထင်တာပြောတာပါ... :)

Anonymous said...

ဝါသနာပါရာကို လုပ်တတ်သောသူလို့ 

ထင်မြင်ပါသည် ... ဟုတ်စ

ခင်မင်လျက်

အစ်မ ကျန်းမာပါစေ