12/31/2008

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ

(၂၀၀၉ ကို ကြိုဆိုလျက်)

ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှစ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၈ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....

(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)
ဒီတစ်လော အရမ်းပျော်ရွှင်ဖို့ ကောင်းခဲ့ပါတယ်။ ပျော်စရာ မောင်နှမတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တာဟာ နှစ်ဟောင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုတစ်ခုအဖြစ် လက်ခံမိပါတယ်။

2 comments:

thihanyein said...

ကဗျာလေးနဲ့ ကြိုဆိုသလို နှုတ်ဆက်တယ်ပေါ့လေ
အဆင်ပြေပါစေအမရေ ကောင်းတယ်ကဗျာလေး

Anonymous said...

အစ်မရေ

မင်္ဂလာနှစ်သစ်ပါ ..ကဗျာလေးလာဖတ်သွားပီ

ကဗျာလေးကောင်းပါပေတယ် ..အစ်မတစ်ယောက်

ကျန်းမာပျော်ရွှင်ပါစေ