12/08/2008

စိတ်ကူးအတွေး

လူတစ်ယောက်သည် ကောင်းမြတ်ဖို့ရန် လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် တွေးရပေမည်။ သူတစ်ပါး၏နေရာ၊ လူအများ၏နေရာမှာ မိမိကိုယ်ကိုထားကြည့်ရမည်။ လူသားတို့၏ ဒုက္ခ သုက္ခတို့သည် မိမိ၏ဒုက္ခသုက္ခတို့သည် မိမိ၏ ဒုက္ခသုက္ခများ ဖြစ်လာစေရမည်။ စိတ်ထား ကောင်းမွန်ရေး၏ အကြီးမားဆုံး ကိရိယာသည် စိတ်ကူးအတွေးအခေါ်ပင် ဖြစ်သည်။

သူများအပေါ်ကောင်းဖို့ အမြဲကြိုးစားပါ။
ကိုယ့်အပေါ်" သူများမကောင်းခဲ့ရင်လည်း
နားလည်ခွင့်လွှတ်ပေးပါ။
အဲဒါ စိတ်ထားမြင့်မြတ်သူတို့ရဲ့
ကျင့်စဉ်တစ်ခုပဲပေါ့....


ဘ၀မှာ ပျော်ရွှင်မှုလည်း ရရှိခဲ့ပြီ
စိတ်ညစ်စရာလည်း တွေ့ကြုံခဲ့ရပြီ
ဘယ်လိုပဲ ခံစားခဲ့ရ
ဘ၀တစ်လျှောက်လုံးမှာ နေတတ်ရင်
ကျေနပ်စရာကြီးပါ....

1 comment:

thihanyein said...

ဟုတ်တယ် မယမင်း***ဘ၀မှာ နေတတ်ရင် ကျေနပ်
စရာကြီးလို့ ငယ်ငယ်တုံးက ဖေဖေရေးခဲ့တဲ့
အိမ်ခါးပန်းက မြေဖြူစာကြောင်းလေးကို
သတိရလိုက်တယ်***ကောင်းလိုက်တဲ့ပို့စ်လေးပါ
ခင်ဗျာ***