12/02/2008

လတ်တလောဖြစ်စဉ်


ကျွန်မလည်း ခုတစ်လော ဘာစာမှလည်း မရေးဖြစ်၊ ရေးချင်စိတ်လည်း မရှိ၊

အလုပ်ကများ လူက ကျန်းမာရေးက ဟိုဟာ ဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့

ချူချာနေလေတော့ ရေးမယ့်အကြောင်းအရာတွေက ခေါင်းထဲကနေ အလိုလို

အငွေ့ပျံသွားလောက်ပြီလေ။ ကျွန်မရဲ့ ကံကောင်းလိုက်ပုံများ

မပြောချင်တော့ပါဘူးလေ။ မပြောချင်ဘူးဆိုတာ ပြောမလို့ နိဒါန်းပျိုးတာပါ။ ဟိဟိ

ဘာတွေဖြစ်နေသလဲဆိုတာ မြင်တဲ့အတိုင်းပဲလေ။ ကျန်းမာရေးက မကောင်း၊

ကျန်းမာရေးကောင်းပြန်တော့ ကွန်ပျူတာက ပျက်၊ ကွန်ပျူတာ ပြန်ပြင်ပြီးပြန်တော့

မီးကမလာ၊ မီးလာပြန်တော့ အလုပ်က မအား၊ အလုပ်က နည်းနည်းအားပြန်တော့

ကျန်းမာရေးက မကောင်း ဟင်း.... မပြောချင်တော့ပါဘူး။ ဒီကြားထဲ နားကပ်က

ပျောက်၊ ဖိနပ်က ပျက်၊ ထီးက ကျိုး ကံကောင်းတာလား၊ ကံနိမ့်တာလားလည်း

မပြောတတ်တော့ပါဘူး။ ခုတော့ ဘာမှမလုပ်တာ ကောင်းလိမ့်မယ် ထင်တာပါပဲ။ 

ဒီဇာတာတော့ ခုထိ မပါလာသေးဘူး။ ဒီတော့ ဘာလုပ်ရရင် ကောင်းမလဲ

အကြံလေးဘာလေး ပေးခဲ့ပါဦး။

4 comments:

thihanyein said...

ဘာမှမလုပ်နဲ့အမ ***အဲဒါအကောင်းဆုံးပဲ**
အဟီးးး

Anonymous said...

အဲ့လိုလည်း တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်ဗျာ
အကောင်းဆုံးကတော့ ဘုရား တရားလေး လုပ်
စိတ်ကို အေးအေး ချမ်းချမ်းထားပြီး ငြိမ်နေတာပဲ ကောင်းမယ်ထင်ပါတယ်ခင်ဗျ

ဟိန်းညီ said...

မကြီး

တရားထိုင်...ဒါပဲ

နွေဆူးလင်္ကာ said...

စနေနံတွေ ထွက်နေတာပေါ့။ ကောင်းတာပေါ့။ အညံ့တွေ ပျောက်သွားလိမ့်မယ်။ :)