11/21/2008

Invisible လုပ်ထားရင် ...



Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။

အကယ်၍ သင်ကော ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ်။ အဲဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား၊ offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hello လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄) blahblahblah@gmail.com is offline and can't receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် "Stop chatting off the record" ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

1 comment:

Anonymous said...

နည်းတစ်ခုတော့ သိလိုက်ပါပြီ ညီမလေးရေ..အဲဒီအတွက် ကျေးဇူးပါ.. ဒီလို offline နဲ့ chat တာ တစ်ခါ ကြုံဖူးပါတယ်. တစ္ဆေ လို ဘာမှမမြင်ရပဲ Chat နေရလို့ Ghost chat လို့ ကိုယ့်ဘာသာ နံမယ်ပေးထားတယ်.. "အခုတော့ ကျွန်ုပ် သိပြီ"..