11/22/2008

မှာတမ်း


သူငယ်ချင်း
မင်းတို့ကိုသာ
စိတ်ချစွာ ငါ
မှာချင်ပါတယ်
ငါ သေသွားသော်
ငါ့အိမ်လေးမှာ
အများအကျိုးတွက်
ဆက်လက်လုပ်ဆောင်စေချင်တယ်
သန့်ရှင်းစွာဖြင့်
ငါ တည်ဆောက်ခဲ့
ဒီအိမ်လေးကို
အမြဲလာလည်စေချင်တယ်
ငါ့ကို မေ့ချင်မေ့သွားပစေ
တတ်နိုင်သရွေ့
ငါ့ရဲ့ မတောက်တခေါက်ပညာ
ချွေးနည်းစာနှင့်
စုကာဆောင်းကာ
ငါ ကြိုးစားခဲ့
ငါ့ရဲ့အရိပ်နဲ့
ထပ်တူညီတဲ့
ဒီအိမ်လေးကို
ဝိုင်းဝန်းစောင့်ရှောက်
ရှိစေချင်တယ်
ငါ့ရဲ့ အမှာစကား
ဖြစ်ပါတယ်သူငယ်ချင်း....

ဒီပိုစ့်လေးက ကျွန်မ တင်ပြီးသားပိုစ့်လေးပါ။ ကိုယ့်ဘာသာရေးပြီး အရမ်းသဘောကျခဲ့မိပါတယ်။ အားလုံးကိုလည်း ယုံကြည်တယ်လေ။ တစ်နေ့တစ်ချိန်ကျရင်.....

3 comments:

Unknown said...

ဝမ်းနည်းတယ်ဗျာ....... နှုတ်ဆက်မှားကြားခဲ့တာကြီးကရဲ.....:((

thihanyein said...

မိုက်လှချည်လား ဒီကဗျာလေး ကတယ်ကောင်းတယ်ဗျာ..
ရေးထားတာလေးကော အတွေးလေးကော တကယ်ကောင်းတဲ့ကဗျာလေးပဲ..

Anonymous said...

ဝမ်းနည်းစရာကောင်းပါပေတယ်

မှာတမ်း .. လေးကို ဘယ်လို များ ခံစားရေးထားလဲ

အစ်မရေ ကဗျာတွေအားပေးလျက်နော်

ခင်လျက်