9/10/2008

သဘာဝတရား

လောကအလယ်
နေသာသလို ဖြေလိုက်စမ်း
ဖြစ်ချင်တာတွေ မျိုသိပ်
ကျိတ်မှိတ်ခဲ့တဲ့ ရက်တွေသိပ်များ
ဖြတ်သန်းနေကျ ၀န်းကျင်အသိုင်းအ၀ိုင်း
ကောင်းတဲ့သူတွေရှိသလို
မကောင်းတဲ့သူတွေ သိပ်များ
ဘယ်သူ ဘယ်ဝါဆိုတာ မစဉ်းစားချင်
ဒါဟာ လောကသဘာဝတရား
နေထွက်ချိန်ရှိနေသလို
နေ၀င်ချိန်လည်း ရောက်လာစမြဲ
အရာအားလုံးကို အပြုံးမပျက်ရင်ဆိုင်နိုင်ဖို့
အားတင်းကာ လျှောက်နေဆဲ
ပန်းတိုင်ကို အရောက်လှမ်း
တို့တွေ ကြိုးစားကြစို့

1 comment:

ကိုဖြိုးငြီမ်း said...

" လောကအလယ်
နေသာသလို ဖြေလိုက်စမ်း
ဖြစ်ချင်တာတွေ မျိုသိပ်
ကျိတ်မှိတ်ခဲ့တဲ့ ရက်တွေသိပ်များ"


ဒီစာသား လေးကို တော် တော်လေး နှစ်သက်မိပါတယ် ခံစား ချက် ရှိလို့ထင်တယ်