9/08/2008

တစ်ကမ္ဘာလုံးဆိုင်ရာ စာတတ်မြောက်ရေးနေ့

တစ်ကမ္ဘာလုံးဆိုင်ရာ စာတတ်မြောက်ရေးနေ့ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကုလသမဂ္ဂပညာ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ( ယူနက်စကို) က ကြီးမှူးပြီး အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် နိုင်ငံတကာ စာတတ်မြောက်ရေး ကွန်ကရက်ကို ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၈၉) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ဒီကွန်ဂရက်ကို ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

စာတတ်မြောက်ရေးနေ့ရဲ့ ရည်ရွယ်ချက်က စာမတတ်သူ ပပျောက်ရေးအတွက် နိုင်ငံအသီးသီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စာမတတ်သူ လျော့နည်းပပျောက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

ခုထိ စက်တင်ဘာလ ၈ ရက်နေ့ကို စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလေးရှိကြပါတယ်။

ဟိုကျွန်မတို့ ငယ်ငယ်တုန်းကတော့ စာမတတ်သူ ပပျောက်ရေးအတွက် ကျေးရွာ တောရွာတွေ ကွင်းဆင်းရပါတယ်။ ကျောင်းပိတ်တဲ့ရက်တွေမှာဆိုရင် ကြားတော့ ကြားဖူးခဲ့ပါတယ်။ နောက်ပြီးတော့ ကျွန်မအရမ်းကြိုက်တဲ့ ကားတစ်ကားရှိတယ် ကားနာမည်က ပန်းမြိုင်လယ်က ဥယျာဉ်မှူးတဲ့။ အဲဒီကားထဲမှာ အံ့ကျော်ရဲ့ သရုပ်ဆောင်ပုံက အရမ်းပီပြင်တယ်။ အရမ်းလည်း သဘောကျတယ်။ ပြီးတော့ ဗဟုသုတလည်းရတဲ့ကားတစ်ကားပဲ။ စာတတ်မြောက်ရေးအတွက် ဘယ်လိုဆိုတာ နားလည်ခဲ့ရတယ်။ ခုတော့ မဟုတ်ပါဘူး။ လွယ်လွယ်သင်လို့ရတာ မသင်ချင်ကြတဲ့ ကလေးတွေတော်တော်များများကို တွေ့ရတာ စိတ်မကောင်းစရာကောင်းပါတယ်။ ကျွန်မတို့လည်း တတ်စွမ်းသမျှ ကိုယ့်ဝန်းကျင်က သူတွေအားလုံးဝိုင်းဝန်းကူညီစောင့်ရှောက်စေချင်ပါတယ်။



1 comment:

Dr.Nay Oo (Burma) said...

မယမင်းရေ၊ " အ" သုံးလုံး လှုပ်ရှားမှုနဲ့ဆိုင်တဲ့ရုပ်ရှင် ဇတ်ကားက၊" ပန်းမြိုင်လယ်က၊ဥယျာဉ်မှူး " မဟုတ်ပါ။ ဒါရိုက်တာကြီးဦးသုခ၏လက်ရာ၊ အကယ်ဒမီဆုများ ဆွတ်ခူးခဲ့သော " ဘယ်သူပြိုင်လို့လှပါတော့နိုင်" ဇတ်ကားဖြစ်ပြီး၊ ယင်းဇတ်ကားဖြင့် လူကြမ်းသရုပ်ဆောင် အံ့ကျော်တယောက် အကယ်ဒမီဆု ဆွတ်ခူးရရှိခဲ့ပါတယ်။